Showing posts with labelိ​မောင်​စိန်​ဝင်း(ပုတီးကုန်း). Show all posts
Showing posts with labelိ​မောင်​စိန်​ဝင်း(ပုတီးကုန်း). Show all posts

Saturday, May 20, 2017

တိတ်တခိုး


ပန်းပွင့်တယ်ဆိုတာ 
သဘာဝပါခင်။

အလှကြည့်ခံချင်လို့ 
ပန်ဆင်ပါစေရည်စူးပြီး
ဆူးပွင့်မဆင်။

ခင်ကြိုက်ရင် အညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့နော်..ခင်
ဆင်ချင်မှဆင်ပါတော့။

မခင်လို့ပဲဖြစ်ဖြစ်
မဆင်လို့ပဲပစ်ပစ်
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့််
ခင်သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။

မောင်စိန်ဝင်း(ပုတီးကုန်း)