မိုးဖြိုင်ဖြိုင် ရွာလေပြီ
အာရုဏ်ဦးတွင် စိတ်ကြည်လင်
ငါမြင်ခဲ့ရ တိမ်အလှက
ဘယ်ဝယ်စခန်း သူစံမြန်းနေ။
လုပ်ငန်းခွင်လမ်း ငါလှမ်းခဲ့စဉ်
တူလိုက်ပါ၍ လင်းရောင်နွေးနွေး
ဖန်တတ်သေးသည့် နေမင်းသူရိန်
ထက်ဝတိံမှာ မမြင်ပါ။
ရှာရင်းတွေးရင်း...
အလုပ်ကနား မိုးကများလို့
အခြေလေးခု ပြင်အစုထက်
ငါမှေးစက်စဉ် မိုးကြည်လင်ကာ
သူရိန်နေမင်း သွင်ဆင်းတောက်ပ
ကိုယ်ယောင်ပြသော် ငါ့အားနှိုးခေါ်
ပြောပါနော်....
Thursday, April 13, 2017
နေမင်းအလှ မြင်လိုလှပြီ
ကြင်ခဲ့သူသို့
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း၊ငယ်ပေါင်းတို့ရေ။
က်ဳပ္ခ်စ္ရသူ လွပ် ိဳ ဳျဖဴ မွာ
နံသာပါးတင် ငွေပန်းဆင်ကာ
ရက္ကန်းစင်ထက် ကွက်ဆန်းထွင်လျက်
မာန်ဝင့်လျက်။
ကြင်ရပါသူ လှပျိုဖြူ ကို
ရင်မှာဖြစ်ပွား ချစ်စကားလှ
ပြောကာပြသော် ရှောင်ကာတိမ်းသွား
မုန်းလို့လေလား ။
တိမ်းကာစိမ်းသွား ကြင်သူအား
တွေ့ဖို့ဆုံရေး ရည်မျှော်တွေးလို
ပြေးလို့ဖွေရှာ ချိန်ကြာပါလည်း
မုန်းလို့ပုန်းသူ မောင့်သည်းအူကို
တွေ့နိုင်ရန်းကား အခက်သားကွယ်
ငယ်ပေါင်းဖော်ရယ်။.......
Tuesday, February 14, 2017
ကိုယ်လည်းပျော်နေ
ငယ်ဖော်တွေ တူပျော်နေ
ကြင်ဖော်တွေနဲ့ ။
တစ်ကိုယ်တည်းရမ်းရော်
မှန်းကာသာပါ့ ငါလည်းပျော်နေ
ငါမှာပိုင်ထား ရင်ကဖွားသည့်
ကဗျာများနှင့်။
တောက်ထွား
Sunday, February 12, 2017
မောင်မုန်းနိုင်ဘူး
ကောင်မလေး ငွေပန်းဆင်
သနပ်ခါးလေးနှင့်ယဉ်။
ရိုးရိုးပင် ဝတ်စေချင်
ဒီရင်ထဲ စဉ်စွဲရတဲ့ခင်။
တူနှစ်ကိုယ် ချစ်ခဲ့စဉ်
အချိန်များလွမ်းဆွတ်မိသား
သို့သော်...ယခုတော့ ...
အဆန်းတွင်အယဉ်ဆင့်
သွင်တင့်တဲ့ မောင်သည်းရှင်
တိမ်းရှောင်ပြီထင်...မုန်းလို့လားဟင်။
ခင်တိမ်းတော့မောင်စိမ်းမယ်
မောင့်သည်းရှင်ရယ်။
မောင့်ချစ်ကို သွေဖယ်ဖူး
မောင်မုန်းမယ်ရည်စူး
အို....အချစ်ဦး (အခုတော့ဖြင့်)
မောင်မုန်းနိုင်ဘူး။
တောက်ထွား