ပွဲဆင်တော်ပြသပေးရန်မို့၊
လှည်းယဉ်တော်ကြွကြွလေးရယ်နဲ့၊ မမလေးကိုတဲ့လိုက်ဖို့ခေါ်။
တချို့ချောသနဲ့၊
တို့တောနယ်ရွာ၊ တစဉ်မှာတော့၊
မြို့ကျောဖွယ် တန်ဆာဆင်ကြပုံက၊
အပြာတွင်မဲရောင်ခရမ်းရယ်နဲ့၊
ပဝါဆင်၊ ဖဲစောင်မှဆန်းတယ်လို့၊
ထာဝစဉ်ပွဲဘောင်ကိုမြန်းကြတယ်၊
ကဲပြောင်းခန်းဖော်တယ်နော်ကွယ်၊
လှည်းဆောင်ပန်းပေါ်။
တူပြိုင်ကာ နှစ်ယောက်တွဲပါလို့၊
ချူ မြိုင်စွာ ခလောက်ဆွဲတဲ့ပြင်၊
နောက်လှည်းက ရှေ့လှည်းကိုကျော်၊
ဟေ့ဟဲအော်လို့သောင်းညံကြွေ၊
ကွေ့လွှဲချော်လို့မောင်းပြန်သေး။
တို့အလျင်၊
မြို့အဝင်သညာဂုဏ်ကြောင့်၊
သို့မှပင်မြင်ခါကြုံတော့မယ်လို့၊
ပျို့သခင်ရင်ပါခုန်တဲ့အောင်၊
အားအန်ကုန်သိပ်ကွာမဝေးစေဖို့၊
ကြွားမာန်ဟုန် ထိပ်ကြာကလေးရယ်နဲ့၊
နွားကြန်စုံ ပိဿာပေးတို့ကို၊
မိုးမော့က နှေးမှာကြောင့်၊
ကြိုးလျှော့လို့ပေး။
ဦးရာကျော်
Showing posts with label ဦးရာကျော်. Show all posts
Showing posts with label ဦးရာကျော်. Show all posts
Thursday, April 13, 2017
လှည်းယဉ်တော်ကြွကြွ
Subscribe to:
Posts (Atom)