ချောမဒီ
ဂေါ်ရီအရွယ် တစ်ဆယ့်လေးက
ငယ်သေးလို့တဲ့ နားမလည်...။
ကညာမယ်ကို စာဆွယ်ကာပေးစဉ်က
"ဘာ...အမယ်...ငါငယ်သေးတယ်.."လို့
ညှာမလွယ် ကာကွယ်ပြေးတာကြောင့်
ဝေးခဲ့ရတယ်။
လွန်ခဲ့တဲ့ နှစ်ငါးဆယ်
ချစ်အားရယ်မကြွယ်ခဲ့...။
တမြန်မနေ့က
တဖန်တွေ့ကြလို့
မမေ့ပေါင် ဒီအကြောင်းကိုလ
ပြန်ပြောင်းကာ အဘိုးအို စ လေတော့
အဘွားအို နားကိုပြကာပ
"ကြားရဘူး ဟဲ့"..တဲ့...။
သော်တာဆွေ
No comments:
Post a Comment