Thursday, February 9, 2017

ချစ်​သူ့မျက်​​မှောက်​ ​ရောက်​​သောအခါ

တစ်​​နေ့​ပြောမယ်​နဲ့
ရင်​​မောရင်​က​ဗျာ​ပေါ့
ရင်​ဆာရင်​ ​တေးကိုဟစ်​ပြန်​မိ
စိတ်​ညစ်​ရင်​ မျက်​ရည်​ကျမယ်​​လေ့
ခေါင်းဖွကာ ​နေတတ်​သူ။
မ​ပြောဖြစ်​နိုင်​​တော့
မောရစ်​တယ်​ ကိုယ်​သာပူရဲ့
ချစ်​တဲ့သူ တာအနွဲ့ကိုလည်း
စာဖွဲ့ကာ မ​နေပိုင်​သမို့
သည်​ထိုင်​ခုံ စာသင်​ခန်းဆီက
ကြည့်​ရင်းသာ မျက်​လွှာကမ်းကာပဲ
လွမ်းဆွတ်​ရင်​ဆူ။
တွေ့တိုင်းသာ ပြုံးလိုက်​ချင်​ပါရဲ့
အ​လေ့ရိုင်းကာ မုန်းပင်​စိုက်​မှာလည်း
ရွံ့ထိုက်​လို့ ရွံ့ကာပူ
ငြူ စူမှာထင့်​ အို....မရဲ...။
ချစ်​သူ​ရှေ့မှာ​တော့
မေ့တတ်​တယ်​ ချစ်​လင်္ကာ
ခွာတတ်​တယ်​ သတ္တိစိတ်
ပိတ်​တတ်​တယ်​ နှုတ်​တံခါး​ပေမို့
အမှား အ​ယောင်​​ယောင်​နဲ့
ကိုယ့်​​ကျောင်း​ဆောင်​ ကိုယ့်​အခန်းဆီသို့
ပင့်​သက်​ကို ရင်​မှာလွှမ်းပါလို့
ပြန်​လမ်းသာ ကိုယ်​လျှင်​ကြုံရဲ့
ရင်​တစ်​ခုန်​ သည်​တန်​​ကြေးဟာလည်း
ကာရန်​သာ ပြန်​ကာ​ပေးတယ်​ထင့်
ဈေးအရနည်း။
                       တင်​မိုး

No comments:

Post a Comment