ချစ်တဲ့သူငယ်လေး။ ။
သူငယ်ချင်းရယ် ကောင်းသည် ယောင်းမတို့လေး။ ။
နံနက်ကို လယ်ထွန်၊ နေမွန်ကျွဲကျောင်း၊
ညမောင်းထောင်းနှင့် ညောင်းရှာလိမ့်နိုး။
မြို့ပဲခိုးသို့၊ လှေထိုးလိုက်မယ်၊ အပျိုဖြူငယ်နှမကို မှာခဲ့တယ်။ ။
ချောင်းပတ်ရုံနှင့်၊ ရွှေဂုံ မြောက်ပါး၊
မယ်လိပင်နှင့်၊ ထန်းပင်နွဲ့နောင်း၊
ယှက်ခါပေါင်းသည့်၊ ကင်းချောင်းဆိပ်မှာ၊ထိုးဝါးကိုဝယ်သည်၊ တကယ်စုန်ဖြစ်တော့မလားတော်။ ။
စုန်မယ်ဆိုလဲ၊ စုန်မဲ့ရက်ကို၊
ဆက်ဆက်မဆို။
ဆန်မယ်ဆိုလဲ၊ ဆန်မဲ့ရက်ကို၊ ဆက်ဆက်ကယ်မဆို။
တီးသည့်စောင်းနှင့်၊ လောင်းသည်ကြက်ကို၊
ဖက်ခါငိုသည်၊
မောင့်ကို ကုန်သွားထည့်သလားတော်။ ။
ဆီကိုဆဲ့လေး။ ဆေးကိုဆဲ့ငါး။
ဆားကိုဆဲ့ခြောက် ပဲခိုးသို့အ၀င်။
တညင်သို့အဆိုက်။ လွန်မောင်မင်းကို၊
ခြင်ပုန်းကိုက်လို။ ခြင်ရိုက်ကယ်မှမပါ။
လေမလာလို့။ သွေးသံစို့သည်၊ ခြင်ဖို့ခြင်စာ၊
ဖြစ်လေရှာရော့သလားတော်။ ။
အပျိုဖြူငယ်၊ မယ်တဖြတ်ဖြတ်၊
တရုတ်ယင်နှင့်၊ ဖြတ်ဖြတ်လူးအောင်၊
သေမင်းငယ်ခြင်၊ စုံလျှင်လျှင်ကို၊မနှင်ပါရ။
အောက်ပြည်စုန်သည်၊ ရွှေဂုံကျွန်းက
ဝေးလွန်းလှလေး။ ။
ဦးကြင်ဥ
မြကန်သာ ကဗျာစာအုပ်မှ
No comments:
Post a Comment