Thursday, April 13, 2017

ပိ​တောက်​ပန်း

လ-တန်​ခူး​ပေမို့၊ အလှထူးပါဘိ၊ မြမြဖူးရယ်​တဲ့ ခိုင်​​ရွှေဝါ။
တကယ်​တမ်း​သာဖြင့်​၊ဘယ်​ပန်း​သော်​ စံမတူဘူး၊ နန္ဒမူ ဖန်​ဂူထိပ်​မှာလ၊ ပ​စ္စေကာ ​ချွေး​တော်​သိပ်​ရတယ်​၊ ​အေးရိပ်​ဆာယာ။
တစ်​နှစ်​တွင်​ သည်​တစ်​လ​ပေပ၊ တစ်​လတွင်​ တစ်​ရက်​တည်း၊ ခက်​ခဲတဲ့ရက်​​ဗုဒ္ဓါ၊ ပွင့်​ရှာကြစုံမြိုင်​တွင်း။
မြူမင်းလွင်​ထန်​၊ ကြူသင်းတာချိန်​ယံမှာ​တော့၊ ​ရွှေဝတ်​ဆံ ငုံတံ​ညှောက်​ကယ်​နှင့်​၊ ခါသင်္ကြန်​ ဂိမှာန်​​ရောက်​ပြန်​​တော့၊ သိန်​သ​ရေ ထိန်​​ဝေလို့​တောက်​တဲ့ပြင်​၊ လမ်းတစ်​​လျှောက်​ သင်​ပါဘိ၊ ဆန်းသ​လောက်​မလင်းနိုင်​ဘူ့၊ ပန်းပိ​တောက်​မင်း။
                           ဦး​ကြော့

No comments:

Post a Comment