Saturday, May 20, 2017

မာန်

အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ် …

အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ် …

အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ် …

အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ် …

အငုတ်ကို ပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ် …

မနက်ဖြန်ဆို၊ ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက်၊ သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ၊ မြေကမ္ဘာမှာ
သာယာဝင့်လန်း၊ မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ်။

(ဒေါင်းနွယ်ဆွေ)

No comments:

Post a Comment