Thursday, April 13, 2017

လှည်းယဉ်​​တော်​ကြွကြွ

ပွဲဆင်​​တော်​ပြသ​ပေးရန်​မို့၊
လှည်းယဉ်​​တော်​ကြွကြွ​လေးရယ်​နဲ့၊ မမ​လေးကိုတဲ့လိုက်​ဖို့​ခေါ်။
တချို့​ချောသနဲ့၊
တို့​တောနယ်​ရွာ၊ တစဉ်​မှာ​တော့၊
မြို့​ကျောဖွယ်​ တန်​ဆာဆင်​ကြပုံက၊
အပြာတွင်​မဲ​ရောင်​ခရမ်းရယ်​နဲ့၊
ပဝါဆင်​၊ ဖဲ​စောင်​မှဆန်းတယ်​လို့၊
ထာဝစဉ်​ပွဲ​ဘောင်​ကိုမြန်းကြတယ်​၊
ကဲ​ပြောင်းခန်း​ဖော်​​တယ်​​နော်​ကွယ်​၊
လှည်း​ဆောင်​ပန်း​ပေါ်။
တူပြိုင်​ကာ နှစ်​​ယောက်​တွဲပါလို့၊
ချူ မြိုင်​စွာ ခ​လောက်​ဆွဲတဲ့ပြင်​၊
နောက်​လှည်းက ​ရှေ့လှည်းကို​ကျော်​၊
ဟေ့ဟဲ​အော်​လို့​သောင်းညံ​ကြွေ၊
ကွေ့လွှဲ​ချော်​လို့​မောင်းပြန်​​သေး။
တို့အလျင်​၊
မြို့အဝင်​သညာဂုဏ်​​ကြောင့်​၊
သို့မှပင်​မြင်​ခါကြုံ​တော့မယ်​လို့၊
ပျို့သခင်​ရင်​ပါခုန်​တဲ့​အောင်​၊
အားအန်​ကုန်​သိပ်​ကွာမ​ဝေး​စေဖို့၊
ကြွားမာန်​ဟုန်​ ထိပ်​ကြာက​လေးရယ်​နဲ့၊
နွားကြန်​စုံ ပိဿာ​ပေးတို့ကို၊
မိုး​မော့က ​နှေးမှာ​ကြောင့်​၊
ကြိုး​လျှော့လို့​ပေး။
                     ဦးရာ​ကျော်

No comments:

Post a Comment