တစ်ခါတွင် လယ်တီဆရာတော်ဘုရားကြီး သင်္ဘောစီးပြီး ခရီးထွက်တော်မူ၏။ မနက်မိုးလင်းတွင် ဆရာတော်၏ ပစ္စည်းများ သူခိုး ခိုးသွား၏။ မိုးလင်း၍ ပစ္စည်းပျောက်သည်ကို တွေ့သွားသည်နှင့် ကပ္ပိယက-
"ဆရာတော် လုပ်ပါဦးဘုရား၊ဒုက္ခတော့ ရောက်ကုန်ပြီ ပုလိပ် တိုင်မှ ဖြစ်တော့မယ်"
"ဘာတုန်းဟ ကပ္ပယရဲ့၊ မင်းဟာ အရင်းမပါ အဖျားမပါ ပြူးတူးပြဲတဲနဲ့ တိုးတိုးသက်သာ ပြောစမ်းပါ"
"ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား၊ ဒါကြောင့် သင်္ဘောပုလိပ်ကို တိုင်မှဖြစ်မယ်ဘုရား"
"ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့၊သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသောအကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ၊အသာနေပါ ကပ္ပိယရယ်၊ မင်းလုပ်လိုက်မှ ငါသူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါမယ်"
Thursday, November 24, 2016
ပစ္စည်းပျောက်ရသည့် အကြောင်းအရင်း
Labels:
မှတ်ဖွယ်မှတ်ရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment