တောင်တွင်းကြီးမြို့၊နတ်မှီတောရ ဆရာတော်ဘုရားကြီးသည် လောဘဓာတ် ထူးခြားစွာ ကင်းစင်တော်မူ၏။
ကတ်ဆက်များမပေါ်မီက ရေဒီယိုသည် တန်ဖိုးအကြီးဆုံးပစ္စည်းတစ်ခုပင် ဖြစ်၏။ တစ်ရပ်ကွက်တစ်လုံး၊ တစ်ရွာတစ်လုံးလောက်သာ ကိုင်နိုင်ကြ၏။ ရေဒီယိုရှိသောအိမ်က ရေဒီယိုဖွင့်လိုက်လျှင် ကျန်အိမ်များက အားလုံးစုဝေးပြီး လာရောက်နားထောင်လေ့ရှိကြသည်။နနတ်မှီတောရ ကျောင်းအမများ ဖြစ်ကြသော ပေလေးပင် ရုပ်ရှင်မိသားစုက ဆရာတော်ကို သတင်းနားထောင်ရန် အကောင်းစား ရေဒီယိုတစ်လုံး လှူ ဒါန်းထား၏။
အမေရိကန်မှာ တာဝန်ထမ်းဆောင်နေသော သမီးအကြီးတစ်ယောက် မြန်မာပြည်သို့ ခေတ္တပြန်ရောက်စဉ် မိသားစုအားလုံး ဆရာတော်ကြီးထံ အဖူးအမြော်ရောက်လာကြ၏။ ကျောင်းရောက်သောအခါ သူတို့လှူ ထားသော ရေဒီယိုကြီးကို မမြင်သဖြင့် မေးကြ၏။
"ဆရာတော် တပည့်တော်တို့ လှူ ထားတဲ့ ရေဒီယိုကြီးလည်း မမြင်ပါလား၊ ဘယ်နေရာ သွားထားပါသလဲ ဘုရား"
"ဘယ်မှသွားမထားပါဘူး၊ သူပိုင်ရှင်က ယူသွားတယ်"
"အို..ဆရာတော်ကလည်း၊ဘယ်ကလာ ပိုင်ရှင်ရှိဦးမှာလဲ တပည့်တော်တို့က ဆရာတော်ကို လှူ ထားတာပဲ၊ ဆရာတော်ပိုင်တဲ့ပစ္စည်းပေါ့"
"ငါမပိုင်လို့ပေါ့ကွာ၊ငါပိုင်ရင် ငါ့ပစ္စည်းက ငါ့အနားမှာ ရှိနေမှာပေါ့၊ခုတော့ သူပိုင်ရှင်အနား ရောက်သွားပြီ"
ထိုအခါကျမှအလှူ ရှင်များမှာ သူခိုး ခိုးသွားမှန်း သိကြ၏။ထို့ကြောင့် မကျေမချမ်း ဆက်လက်လျှောက်မိကြ၏။
"ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပြီ၊ သူခိုး ခိုးသွားတာမဟုတ်လား ဘုရား။ ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့"
"မဆုံးပါဘူးကွာ၊ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့၊မြစ်ထဲ ပင်လယ်ထဲကျသွားတာတို့လို ဘယ်သူမှ သုံးခွင့်မရတော့တာမှ ဆုံးတာ၊ ခုဟာက တစ်နေရာမှာ သုံးလို့ရနေဦးမှာပါ"
Thursday, November 24, 2016
ပျောက်ပေမယ့်မဆုံးပါ
Labels:
မှတ်ဖွယ်မှတ်ရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment