(၁)ကိုယ်မြင်းကိုယ်စိုင်းတာပဲ
စစ်ကိုင်းဟာ
စကြဝဠာအပြင်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
(၂)ကိုယ့်လှေကိုယ်ထိုးတာပဲ
ပဲခူးဟာ
သမုဒ္ဒရာရဲ့ အခြားတစ်ဖက်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
(၃)ကိုယ့်ဘဝကိုယ်ဆောက်တာပဲ
ပါးနွဲ့တဲ့ဆပ်ပြာပူဖောင်းကလေး ဖြစ်ခဲ့ရင်တောင်
နောက်ဆုံးအချိန်ကျမှ
ထစ်ချုန်းသံလှလှနဲ့
ပေါက်ကွဲပြသွားမယ်။
တာရာမင်းဝေ
No comments:
Post a Comment