Tuesday, February 21, 2017

လေပြင်းထန်မှာများ မင်းကြောက်ရွံနေသလား


လေပြင်းထန်မှာများ
မိုးသီး ရိုက်မှာ များ
မင်း … ကြောက်ရွံနေလေသလား။

မျက်နှာချင်းဆိုင်လိုက်
တိုက်ခိုက်လိုက်စမ်းပါ
ပြီးရင်တော့တစ်ခါ
မာန် တင်းတင်းထား။

ဝံပုလွေ တစ်ကောင်လို
မွတ်သိပ်မူမျိုးနဲ့ မာကျောအေးစက်
ဘ၀ ကို ဖြတ်သန်းလိုက်။

ကြိုးကြာတစ်ကောင်လို
နွံမှာဆင်း ခဲယဉ်းမူကို ကူးဖြတ်။

မင်းလက်ဖ၀ါးနှစ်ဖက်
အသားမာတွေ တက်လာမယ်။

မင်းပါးပြင်ထက်
နေလောင်လို့ ကျက်သွားမယ်။

မင်းဘ၀လမ်း
ကြမ်းမယ်၊ ပမ်းမယ်
အသားတွေလည်း ညိုရောင်းသမ်းမယ်။

ဒါပေမဲ့ ..
(ဘ၀တစ်လျှောက်)
လူပီပီ တစ်ယောက်လိုတော့
မင်းလျှောက်တတ် သွားလိမ့်မယ်။     ။

(ဟမ္မလင်ဂါလန်း ၁၈၆၀-၁၉၄၀)

No comments:

Post a Comment