ဝမ်းနည်းမပြေ ၊
မွေ့ရာရွှေထက် ၊ ကြာခွေသော့တူ ၊
မယ်လွမ်းမူကို ၊ ကြင်သူသက်ဝေ ၊
မသိလေတည့် ၊ ဖျော်ဖြေလျက်ပင် ၊
မရွှင်လဆုန်း ၊အုန်းထက်လျှံပြည့် ၊
နေရာလှည့်ရှင့် ၊ မယ်သည့်မသိ ၊
ကျေးတိတိကို ၊ မသိချိန်ခါ ၊
သူကတာ၍့ ။ ။
ရွာတော့သည်လည်း မိုဃ်းသိကြား ။
လျှမ်းပြည်းတထွေ ၊
တောင်ကလေနှင့် ၊ မြောက်လေရစ်ထွေး ၊
ပြန်ကဝေးတည့် ၊ မြှေးမြှေးပျပျ ၊
နွေလမမည် ၊ ချမ်းသည်မစဲး ၊
ရာသီခွဲးဝယ် ၊ ၀မ်းကွဲးတဆွတ် ၊
ဖြစ်စေတတ်ကား ၊ မိုဃ်းနတ်များရှင် ၊
ဘန်စီရင်၍့ ၊ မရွှင်တမ်းစက် ၊
အုံ့ပြက်မနည်း ၊ အလွမ်းသည်းအောင် ၊
ဆည်းဘိသည်လော ၊ မရောလင်းဝါ ၊
လျှပ်စစ်လာ၍့ ။ ။
ဖြာတော့သည်လည်း တိမ်ညွန့်ဖျား ။
ကမ်းလည်းအနေ ၊
မြစ်ရေမကျ ၊ ကမ်းကြမနိမ့် ၊
ကြည်း၏့ငြိမ့်လျက် ၊ တိမ့်အလုံးတုန် ၊
လွှမ်းအုန်ကောင်းကင် ၊ နေကိုလျှင်တည့် ၊
မမြင်တပ်တပ် ၊ ပိတ်ပိတ်ထပ်သော် ၊
လှပ်လှပ်နွှဲးရှာ ၊ မဉ္ဇူကြာသို့ ၊
ဗျာပါထပ်ပွား ၊ လွမ်းခြင်းများကို ၊
ထားရစေတော့ ၊ လျှော့ကြီးလျှော့မှ ၊
ရွှေလှော့အသွင် ၊ ရာထင်ဆယ်ပြန် ၊
မယုတ်လွန်သို့ ၊ စေကျွန်မလာ ၊
နှုတ်ဆက်မှာ၍့ ။ ။
ကြာတော့သည်လည်း မောင့်စကား ။
ရဝေရှင်ထွေး(ပိုဒ်စုံရတု)
Monday, March 20, 2017
ကြာတော့သည်လည်း မောင့်စကား
Labels:
ရဝေရှင်ထွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment