က (k) ၊ ခ (kh) ၊ ဂ/ဃ (g) ၊င (ŋ)
စ (s) ၊ ဆ (sh) ၊ ဇ/စ် (z) ၊ ည (ɲ)
ဋ/တ(t) ၊ ဌ/ထ (th) ၊ ဍ/ဒ/ဎ/ဓ(d)၊ ဏ/န(n)
ပ(p) ၊ ဖ(ph)၊ ဗ/ဘ(b)၊ မ(m)
ယ/ရ(j)၊ လ/ဠ(l)၊ ဝ(w)၊ သ(ɵ)၊ ႆ (ð)
ဟ(h)၊ အ(a)
တစ်ခါတစ်ရံ (အထူးသဖြင့်) ပါဋ္ဌိစကားလုံးတွေက "ရ" ကို "r"လို့ရေးတယ်
ရှ-ɕ
ကျ /ကြ-tɕ
ချ /ခြ-tɕh
ဂျ/ဂြ- dʒ
သရအက္ခရာများ
•••••••••••••••••
အိ (i) ၊ အေ (e)၊ အယ်(ɛ)၊ အာ(a) ၊အော်(ɔ) ၊အို(o) ၊ အူ(u)
နှာသံသရများ
အင်( ĩ )၊အန်( ã )၊ အွန်( ũ )၊ အိန်( eĩ )၊ အုန်( oũ )၊အိုင်( aĩ )၊အောင်( aũ )
ရပ်သံများ
•••••••••••
အက်( ɛʔ )၊ အောက်( auʔ)၊ အိုက်(aiʔ)၊ အစ်(iʔ)၊အတ်(aʔ)၊ အိတ်(eiʔ)၊အုတ်(ouʔ)၊အွတ်(uʔ)
တက်ကျသံခွဲခြားခြင်း
••••••••••••••••••••••
အနိမ့်သက်သံ (_´)သည် အထက်မှ အောက်သို့ နိမ့်နိမ့်အနေအထားက ဆင်းသွားသော အသံထြစ်သည်။ တစ်နည်းအားဖြင့် အောက်မြစ်သံ(---့)သံပါသော အသံဖြစ်သည်။ ဥပမာ- ကာ့ (ka´)
သံပြေ(_)သည် တစ်ပြေးတည်း ပြေပြေသွားသော အသံဖြစ်သည်။ဥပမာ- ကာ(kā)
အမြင့်သက်သံ(_`)သည် အထက်မှအောက်သို့ မြင့်မြင့်အနေအထားက ဆင်းသက်သော အသံဖြစ်သည်။ တစ်နည်းအားဖြင့် ဝစ္စပေါက် ပါသော အသံဖြစ်သည် ။ ဥပမာ-ကား(kà)
``အလုပ်၊ အက´´ တို့မှာပါသော `အ´ သံကဲ့သို့ အသံအပြည့်အဟုတ်သော တစ်ဝက်သံမျိုးကို မတြာဝက်သံ (ə) ဟုခေါ်သည်။ အငြင်းမ မှန်သမျှ မတြာဝက် သံ ရှိသည်။
ဥပမာ-
မမ မလာပါ။
/má má mə lā bā//
အအ မဟုတ်ပါ။
/ə á mə houʔ pā//
စကားလုံးဖွဲ့ခြင်း
•••••••••••••••••
ဝဆွဲ(---ွ) ဆိုလျှင် `w´ နဲ့ ပေါင်း ရမည်။သို့သော် အွန်(u)သံပါသော ၊ အွတ် ( u)သံပါသော အသံများတွင် `w´ပေါင်းရန်မလိုပါ။
ဥပမာ-
လွမ်း လွန်း လို့
lw`ã l`ũ ló
ထွက် ထွတ်
thweʔ thuʔ
--ျ ၊ြ-- (ပင့်ရစ်) ဆိုလျှင် `j´ ပေါင်းရမည်။ သို့သော် ကျ/ကြ(tɕ)၊ချ/ခြ(tɕh)၊ဂျ/ဂြ(dʒ) စသည့် အသံများတွင် `j´ ပေါင်းရန်မလိုပါ။
ဥပမာ-
ပ် /ျပ - /pjá//
ပြင်- /-pjĩ//
ကျိုး/ကြိုး- /tɕò//
ချစ်- / tɕhiʔ//
---ှ (ဟထိုး) ဆိုလျှင် `h´ ကို ရှေ့ကရေးရမည်။ သို့သော် ရှ တွင် h ပေါင်းရန်မလိုပါ။
ဥပမာ-
ငှ /hŋá//၊ နှ / hná//၊မှ/ hmá//
လှလှပပ / hlá hlá pá pá//
လျှောက်-/ɕouʔ//
No comments:
Post a Comment