Thursday, April 13, 2017

ခေါင်းလောင်းငယ်မှသံသာ


            ခေါင်းလောင်းငယ်မှသံသာ၊ တဗိသာတဲ့။
ဆည်းလည်းငယ်မှသံသေး၊ ငါးဆယ်ပေးတဲ့။
တင်ကြေးငယ်မှမကြီး။
သုံးနှစ်နှီးနှင့်၊ တင့်ရည်းငယ်မှလှနိုး။
သုံးခေါက်ချိုးနှင့်၊ သုံးချိုးလေးထွား။
မောင်တို့နွားမှာ၊ နွားကား သံတောင်၊
နွားကြောင်လိမ္မာ၊ တပွင့်ကြာကို၊
နှုတ်သာကောင်းနှင့်။
မောင်းကနှစ်လုံး၊ မျောခွက်ကယ်ကျုံး၊
မြေဒူးဈေးမှာ၊ ဈေးမှီအောင်ရှာ။
အပျိုဖြူမယ်သာကျွမ်းပါတဲ့ လွမ်းထုံ့တင်လေ။           ။

                                                  ဦးကြင်ဥ

(၁၈၁၉-၁၈၅၃)

မြကန်သာ ကဗျာစာအုပ်မှ

No comments:

Post a Comment