Thursday, April 13, 2017

မုဆိုးချင်း


          ရောသည်တခါ၊ ၀နေစရာ၊
တောကို လျှိုး၍၊ သားမျိုးကို ရှာတော့မည်။
နောင်လာနောက်သားတို့မှတ်ငြားလောက်အောင်၊
ကောက်ကြရော့ရစ်တံ၊ဘုန်းဖန်သည့် ရှင့်ကျွန်၊
အမွန်စဉ်ဆက်၊သက်တံကွေးနှင့်၊
ဘေးဘိုးဆင်းသက်၍၊ဘလက်ထက်တိုင်၊
လေးတော်နှင့်ပွင့်လန်း၊မှုတော်ကိုထမ်းခဲ့သည်၊
လူတမ်းစေ့ကာ၊မထင်ပါနှင့်။
ရန်တကာရှောင်ရှောင်၊ မရှောင်နင်လား၊
ဘားကင်ကောင်ကို တောကြောင်က၀ါးသည့်နှယ်၊
ငါးမြှားတွင်ဆက်ဆက်၊
သားတကာခက်နေကျ၊ တောဝက်ကိုမရှောင်၊
ပြောင်ပြောင် ဆင်ဆင်၊
မြင်မြင်သမျှ၊ အလွတ်ရဘူး၊
မုဆိုးတကာ့ပဂေး၊ငါ့လက်တွင်ဖေးရမည်၊
ကိုင်းကွေးသက်တံ၊စမြိန်စာကို၊
စုံစွာဖန်၍၊ မြိုင်ယံသို့ဝင်တော့မည်၊
သို့ရာတွင် နောက်ပါအဖေါ်၊
တွေ့လျှင်ဝါးနေကျ၊ ရဲကျားကို ခေါ်အုံးမှ၊
ရှေးထုံးအစဉ်၊ ၀လဉ္စန၊ အ၀ါးဝ၊
သွားနေကျလမ်း၊ စခန်းနှင့်ရေတွင်း၊
ကွင်းနှင့်သစ်အုပ်၊ မျောက်လုပ်ပင်တန်း၊
စမ်းတ၀ါးဝါး၊ အထင်မှား၊
ရဲကျား မှတ်မိကောင်းငဲ့။
ငါ့ခွေးကိုခေါ်ရအုံးတော့ဗျား။

                                                                                      ဦးကြင်ဥ

                                                                                      ( ၁၈၁၉-၁၈၅၃)

No comments:

Post a Comment