Thursday, April 13, 2017

ကစားရွယ်

ရွှေစည်းပုံ သုံးအိမ်​​နှောပါလို့
မယ်​​ရောပ၊ ​မောင်​နှင့်​ကွယ်​။
ကြောက်​မခန်း
ညောင်​နန်းမှာ၊ ​ဝေ​လေ​လေ​ပါ့
အ​ထွေ​ထွေ၊ တ​စ္ဆေကို​မေးပါလို့
ပြေးတဲ့အရွယ်​။
အင်းမ​နေ၊ ​မြေမနင်းရယ်​နဲ့
ခေါင်း​ခေါက်​ရင်း၊ ထိပ်​ပုတ်​တယ်
စိတ်​လုပ်​မယ်​လို့၊ မကြံဖြစ်​။
လသာသာ
ညအခါမှာ၊ ဖန်​တို့လို့
တန်​ကို့​နော်​၊ မဆိုရဲရှာဘု
ကစားရွယ်​၊ ငယ်​ကတဲ(တည်း)က
စွဲတဲ့အချစ်​။  ။
                 ဦးရင်​ဒင်

No comments:

Post a Comment