Thursday, April 13, 2017

ကြင်​ခဲ့သူသို့

ချစ်​တဲ့သူငယ်​​လေ
သူငယ်​ချင်း​ကောင်း၊ငယ်​​ပေါင်းတို့​ရေ။
ကျုပ်​ချစ်​ရသူ လှပျိုဖြူ မှာ
နံသာပါးတင်​ ​ငွေပန်းဆင်​ကာ
 ရက္ကန်းစင်​ထက်​ ကွက်​ဆန်းထွင်​လျက်
မာန်​ဝင့်​လျက်​။
ကြင်​ရပါသူ လှပျိုဖြူ ကို
ရင်​မှာဖြစ်​ပွား ချစ်​စကားလှ
ပြောကာပြ​သော်​ ​ရှောင်​ကာတိမ်းသွား
မုန်းလို့​လေလား ။
တိမ်းကာစိမ်းသွား ကြင်​သူအား
တွေ့ဖို့ဆုံ​ရေး ​ရည်​​မျှော်​​တွေးလို
ပြေးလို့​ဖွေရှာ ချိန်​ကြာပါလည်း
မုန်းလို့ပုန်းသူ ​မောင့်​သည်းအူကို
တွေ့နိုင်​ရန်းကား အခက်​သားကွယ်
ငယ်​​ပေါင်း​ဖော်​ရယ်​။.......

No comments:

Post a Comment