Thursday, April 13, 2017

နေမင်းအလှ မြင်​လိုလှပြီ

မိုးဖြိုင်​ဖြိုင်​ ရွာ​လေပြီ
အာရုဏ်​ဦးတွင်​ စိတ်​ကြည်​လင်
ငါမြင်​ခဲ့ရ တိမ်​အလှက
ဘယ်​ဝယ်​စခန်း သူစံမြန်း​နေ။
လုပ်​ငန်းခွင်​လမ်း ငါလှမ်းခဲ့စဉ်
တူလိုက်​ပါ၍ လင်း​​ရောင်​​နွေး​နွေး
ဖန်​တတ်​​သေးသည့်​ ​နေမင်းသူရိန်
ထက်​ဝတိံမှာ မမြင်​ပါ။
ရှာရင်း​တွေးရင်း...
အလုပ်​ကနား မိုးကများလို့
အ​ခြေ​လေးခု ပြင်​အစုထက်
ငါ​မှေးစက်​စဉ်​ မိုးကြည်​လင်​ကာ
သူရိန်​​နေမင်း သွင်​ဆင်း​တောက်​ပ
ကိုယ်​​ယောင်​ပြ​သော်​ ငါ့အားနှိုး​ခေါ်
ပြောပါ​နော်​....

No comments:

Post a Comment