ကုင်္ကုမံ သန္ဓေ ဖြစ်ပေမို့
ပုံသဏ္ဍာန် သပြေခေတ်မှာဖြင့်
ယုန်ရထားပျံ သရေသစ်သည့်နှယ်
ဧကရာဇ် နန်းသူ။
နတ်မယ်တို့,ဇာတ်နွယ်မို့,မှတ်ဖွယ်လို့ စခန်းတူတယ်
ကြငှန်းမူ ကြော့ဆုံး။
ပြုံးဟန်က, တုံးလျှံ ပ, သုံးပန်လှ နုသရေလို
ဥပဒေ ရေးတော့ တထုံး။
ခင်တမေ့, မြင်သနေ့, ရှင်ရသေ့ ဈာန်လျှော ကွာမယ်
ကြံမောဗျာ နှလုံး။
ဇမ္ဗူမှာ တဆူဘုန်းဟာမို့
ဘယ်သူ တူမနှုန်းကြနှင့်
ရွှေငုန်းမင်း သက်သေ။
ကပ္ပဋ္ဌီ တပုံဖွဲ့လို့
ဇာတ်ပန်းချီ ပုံမသွဲ့ပါဘု
ပဒုံမယ့် ကျမ်းထွက်တဲ့မေ။
ကသိုကမို, ကပိုကရို, အညို နခို နဂို့ ဆွေမှာ
တမို့တမြေ တနေအောက်တွင်ဖြင့်
တချို့တမေ သရေရောက်တော့
ဆံနေ ဆံပေါက် နဂိုရ်တော်ယဉ်။
ပိတုံးငှက်တောင်ပင်။
ဖော့ဖယောင်းဥ,ပျော့အပျောင်းနု,ကြော့အပေါင်းစု ရှုတိုင်းယဉ်တယ်
လူ့တိုင်းတခွင် စံရှားပါငဲ့လေး…။
ကိန္နရီနှင့်, သိမ်တညီချင့်, က္ကုန္ဒနီပွင့် မျက်လုံးနေမှာ
ထက်ဆုံးဗြဟ္မေ ဖန်ထားလေသို့လေး…။
(အချုပ်တန်း ဆရာဖေ)
(ရှစ်ဆယ်ပေါ် ထပ်ကွန့်တေးထပ်)
No comments:
Post a Comment